၁၅-၁၀-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ဆရာ/ ဆရာမများအဖွဲ့သည် ၁၃.၁၀.၂၀၂၂ ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အ.မ.က၌ ဆေးကုသပေးရာတွင် ကျား(၃၀)ဦး၊ မ(၃၀)ဦး စုစုပေါင်း လူနာဦးရေ (၆၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါနေရာ၌ပင် တိုင်းရင်းဆေးပညာဖြင့် ဝမ်းကိုက်ရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ရာတွင် ကျား(၄၀)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၇၀)ဦးတက်ရောက်ပါကြောင်း သတင်း ရရှိပါသည်။