၁၁-၁၀-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်သောအဖွဲ့သည် ၉.၁၀.၂၀၂၂ ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့ရှိ အင်တောကျယ်ရွာအရှေ့ကျောင်း၌ ဥပုသ်သည်အမျိုးသား၊ အမျိုးသမီးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသပေးရာတွင် ကျား(၁၃)ဦး၊ မ(၄၈)ဦး စုစုပေါင်း လူနာဦးရေ (၆၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါနေရာ၌ပင် တိုင်းရင်းဆေးပညာဖြင့် ရောဂါကြီး ၆ မျိုးအကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။