the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၇-၁၀-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်း၊ အငယ်တန်းစာရေး ဒေါ်ခိုင်သဇင်ဦး၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦး၊ လက်ထာက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းတို့ ပါဝင်သော ဆရာ/ဆရာမများအဖွဲ့သည် (၆-၁၀-၂၀၂၂) ရက်နေ့တွင် နေ့လယ် ၁၂း၀၀ နာရီမှ ညနေ ၃း၀၀ နာရီအထိ ညောင်လေးပင် ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများနှင့်ရိပ်သာဝန်ထမ်း ကျား (၄)ဦး မ (၁၂)ဦး စုစုပေါင်း (၁၆)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်