the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (နေပြည်တော် အသင်းခွဲ) တို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၆-၁၀-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (နေပြည်တော်အသင်းခွဲ) တို့ပူးပေါင်းဆောင်ရွက်သော ဆရာ/ဆရာမများအဖွဲ့သည် (၅-၁၀-၂၀၂၂)ရက်နေ့တွင်  နေပြည်တော် ပြည်ထောင်စု နယ်မြေ ပျဥ်းမနားခရိုင် ပျဥ်းမနားမြို့ သန္တာရာမသီလရှင်စာသင်တိုက်ရှိ သီလရှင်များအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ သီလရှင်စုစုပေါင်း (၂၂)ပါးနှင့် လူပုဂ္ဂိလ်(၂)ဦး တို့ကိုအား ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း