the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသခြင်း

၆-၁၀-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်တိုင်းရင်းဆေးရုံမှ ဒုတိယ​ဆေးရုံအုပ် ဒေါ်ခိုင်ဝါဝါအောင် ဦးဆောင်​​သော ဆရာ/ ဆရာများအဖွဲ့သည် ( ၄.၁၀.၂၀၂၂)ရက်နေ့ ​တွင်  နေ့လယ် (၁၂း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအထိ ထုံးဘိုမြို့ရှိ မြောင်ဓမ္မရိပ်သာ၌ အမျိုးသား လူနာ (၁၅)ဦး၊ အမျိုးသမီးလူနာ (၃၈) ဦး၊ စုစုပေါင်း (၅၃)ဦးတို့ အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း