၄-၁၀-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့် တို့ပါဝင်သော ဆရာမများအဖွဲ့သည် ၄-၁၀-၂၀၂၂ ရက်နေ့တွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေတောင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အထက(ခွဲ) သရက်တောကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ရာသီအကူးအပြောင်းတွင် ဖြစ်ပွါးတတ်သော အအေးမိရောဂါအကြောင်း ဆောင်ရန်ရှောင်များအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောရာတွင် ကျား (၁၃၀)ဦး၊ မ (၁၂၅ဦးတို့အား ပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

