၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မွန်ပြည်နယ် ပြည်နယ်ဦးစီးဌာနနမှူး ဦးစိုးမိုးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် မော်လမြိုင် ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးဆန်းလင်းက ဆောင်ရွက်ပါသည်။ စာတမ်းရှင် မော်လမြိုင်မြို့ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုး က ရေဖျဥ်းရောဂါအကြောင်းကို ဖတ်ကြားတင်ပြဆွေးနွေးပါသည်။
အခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စုစုပေါင်း ၁၅ ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ ၄၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။