the republic of the union of myanmar

ministry of health

Department of Traditional Medicine

မွန်ပြည်နယ်၊ သထုံခရိုင်၊(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “ရေဖျဉ်း”ရောဂါခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

၁-၁၀-၂၀၂၂ နေပြည်တော်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် (၉:၃၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက် မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မွန်ပြည်နယ် သထုံးမြို့နယ် တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဦးခွန်သန်းစိုးက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် သထုံမြိုနယ် တိုင်းရင်းဆေးကုဌာနမှ၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်သိမ့်သိမ့်ဟန်ကဆောင်ရွက်ပြီး သိမ်ဆိပ်၊ သုဝဏ္ဏဝတီမြို့တိုင်းရင်းဆေးကုဌာနမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဦးစောလှထူးကျော်က ရေဖျဥ်းရောဂါအကြောင်းကို ဖတ်ကြားတင်ပြဆွေးနွေးပါသည်။ အခမ်းအနားသို့ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စုစုပေါင်း ၁၇ ဦး  တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး  အခမ်းအနားကို နေ့လယ် ၁၂း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ