the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရုံး၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “ရေဖျဉ်း”ရောဂါခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

၂၈-၉-၂၀၂၂ နေပြည်တော်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် နံနက် (၉:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက် မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တောင်ငူခရိုင်မှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဆရာမကြီးဒေါ်မေနှင်းကဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဖြူးမြို့နယ်၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းကဆောင်ရွက်ပြီး  ကျောက်ကြီးမြို့နယ် တိုင်းရင်းဆေးကုဌာန မှ စာတမ်းရှင် ဒေါ်ရတီနွယ်က ရေဖျဥ်း​ရောဂါအ​ကြောင်းကို ဖတ်ကြား​ဆွေး​နွေးပါသည်။ အခမ်းအနားသို့ တောင်ငူခရိုင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ အသင်းဝင် ဆရာ၊ ဆရာမ (၅)ဦး အပါအဝင် တောင်ငူ၊ ရေတာရှည်၊​ ဖြူး၊ ​ကျောက်ကြီးမြို့နယ်​ဆေးကုဌာနမှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စုစုပေါင်း ၁၅ ဦး ​ တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး  အခမ်းအနားကို ​နေ့လယ် ၁၂း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ