the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ၅၀ ခုတင်ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ်ပညာပေးအစီအစဥ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၂၇-၉-၂၀၂၂၊ နေပြည်တော်

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကရင်ပြည်နယ် ၅၀ ခုတင်ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၌ “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီးဦးဇော်ဝင်းနှင့် ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်းခွဲမှ  ဥက္ကဋ္ဌ ဆရာကြီးဦးအောင်ပွင့်တို့မှဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင်၅၀ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ သူနာပြု ၃  ‌ဒေါ်နွယ်နွယ်သိန်းက ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီထိုက်မှ ရေဖျဉ်း ရောဂါစာတမ်းအားဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ ကရင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်းခွဲမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးရုံနှင့်ပြည်နယ်ခရိုင် တိုင်းရင်းဆေးကုဌာနတို့မှ  ဆရာ/ဆရာမများစုစုပေါင်း( ၂၂ ဦး) တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ