the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း၏ အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်း

၂၇-၉-၂၀၂၂ နေပြည်တော်

မကွေးတိုင်းဒေသကြီး၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မြတ်နိုးဝေသည် မကွေးမြို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၁၉-၉-၂၀၂၂)ရက်နေ့မှ (၂၃-၉-၂၀၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို တက်ရောက်ခဲ့ပြီး မကွေးတိုင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများအား သင်တန်းအတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်