the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (နေပြည်တော် အသင်းခွဲ) တို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၂၇-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (နေပြည်တော်အသင်းခွဲ) တို့ ပူးပေါင်း၍ ဆရာ/ဆရာမ (၁၀)ဦးပါဝင်သောအဖွဲ့သည် ၂၇-၉-၂၀၂၂ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဥ်းမနားခရိုင် ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ စုစုပေါင်း သံဃာ (၁၁၈)ပါးတို့ကို တိုင်းရင်းဆေးဖြင့်ကုသပေးနိုင်ခဲ့ပြီး ကျောင်းတိုက်၏ပဓာနနာယကဆရာတော်​​ထံ တိုင်းရင်းဆေးဝါးများကို ဆပ်ကပ်လှူဒါန်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်