the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် “ရေဖျဉ်း”ရောဂါခေါင်းစဉ်ဖြင့် CTMEအခမ်းအနားကျင်းပခြင်း

၂၆-၉-၂၀၂၂ နေပြည်တော်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် နေ့လယ် (၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊  မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီးဦးမြင့်သောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်  ဆရာကြီးဦးအောင်မြတ်ကျော်တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ဒုတိယ တိုင်းရင်းဆေးမှူး၊ ဒေါ်သဉ္ဇာထွန်းနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းတို့က ဆောင်ရွက်ခဲ့ ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေး မှူးက ဒေါ်ညိုညိုသင်းက ရေဖျဉ်းရောဂါအကြောင်းစာတမ်းနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြား ဆွေးနွေးပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်သူများမှ စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်း ဆွေးနွေးဖြေကြားခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေကြပြီး စာတမ်းဖတ်ပွဲသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဆရာ/ဆရာမ(၄)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ (၂၃)ဦး၊  ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဆရာ/ ဆရာမ(၂၂)ဦး၊   မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာ/ ဆရာမ(၈)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ကြပြီး တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။  

          ထို့နောက် စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ်(၁ဝဝဝဝဝိ/-)နှင့် ဆရာဦးကျော်ကျော်ဌေး (မှန်ချို ဆေးတိုက်) မှ ချီးမြှင့်ငွေကျပ်(၅ဝဝဝဝိ/-)၊ ဆရာကြီးဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ(၃ဝဝဝဝိ/-)၊ဆရာကြီးဦးမြင့်သောင်း(မိခင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ(၁ဝဝဝဝိ/-)၊ ဆရာကြီးဦးအုန်းမြင့်+ဆရာမကြီးဒေါ်သစ်ဆန်းမာလာ (မာလာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေ (၁၅ဝဝဝိ/-)ကျပ်တို့ကို ဆုချီးမြှင့်ခဲ့ကြပါသည်။

          အခမ်းအနားဖြစ်မြောက်ရေးအတွက် ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာဦးမောင်မောင်ဦး က ပံ့ပိုးကူညီခဲ့ပြီး အခမ်းအနားကို ညနေ(၄:၃၀)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း