၂၆-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့် ဦးဆောင်သောအဖွဲ့သည် ၁၇-၉-၂၀၂၂ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ရှိ ကုလရွာ၌ လူနာ ကျား(၁၂) ဦး၊ မ(၃၈)ဦး စုစုပေါင်း (၅၀) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့် ၁၉-၉-၂၂ ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ ရွှေစေတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်း ဆေးကုသရာ လူနာ ကျား(၇)ဦး၊ မ(၁၈)ဦး စုစုပေါင်း (၂၅)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမူ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



