၂၆-၉-၂၀၂၂၊ နေပြည်တော်
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ရှမ်းပြည်နယ် ၂၅ ခုတင်ဆံ့ ကျိုင်းတုံမြို့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကို ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် ကျိုင်းတုံမြို့နယ်၊ ခရိုင်တိုင်းရင်းဆေး ဆရာအသင်းဝင် ဆရာကြီးဦးအောင်တင့်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းဝိုးဖတ်က ဆောင်ရွက်ပါသည်။
ဆက်လက်ပြီး (၂၅)ခုတင်ဆံ့ ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူက ရေဖျဉ်းရောဂါအကြောင်း စာတမ်းကိုဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ ကျိုင်းတုံခရိုင်မှူး၊ ၂၅ခုတင်ဆံ့ ကျိုင်းတုံဆေးရုံအုပ်နှင့် ကျိုင်းတုံခရိုင်၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ်များမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးအသင်းဝင်များနှင့် စိတ်ပါဝင်စားသူ များရောက်ကြပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းဆွေးနွေးဖြေကြားခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေးဖြေကြားခြင်းနှင့် အတွေ့အကြုံများမျှဝေကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်သူ စုစုပေါင်း(၂၈)ဦး ရှိပါကြောင်း သတင်းရရှိပါသည်။