the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအစည်းအဝေး(ပထမအကြိမ်)သို့ မြန်မာတိုင်းရင်းဆေးကောင်စီ နာယက၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတက်ရောက်

၂၃-၉-၂၀၂၂ နေပြည်တော်

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို ၂၂-၉-၂၀၂၂ ရက်နေ့က နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာဟိုတယ်တွင်ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ  ဆရာကြီး ဦးမြင့်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်မှုဆောင်အဖွဲ့ဝင်များတက်ရောက်ကြပြီး  အစည်းအဝေးသို့ online အွန်လိုင်းဖြင့်လည်း ပါဝင်တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးပထမပိုင်းအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချူပ်က နှုတ်ခွန်းဆက်ဩဝါဒစကားပြောကြားရာတွင်-

အလုပ်ဟူသည် “ဂုဏ်” ဟုခံယူထားသည့်အတွက် မိမိတို့အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း တာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အမြဲတမ်းဂုဏ်ရှိနေမည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးလောကဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပါက မတိုးတက်စရာမရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အစည်းအဝေးပထမပိုင်းကို ရပ်နားလိုက်သည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဆရာကြီးဦးမြင့်ဦးက အဖွင့်အမှာစကားပြေားကြားပြီး ကောင်စီအတွင်းရေးမှူး ဆရာဦးဝင်းဇော်က အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြကာ အခမ်းအနားကို မွန်းလွဲပိုင်းတွင်ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။        

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ