၂၃-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီထိုက်သည် မြို့နယ် စီမံကောင်စီမှ ဦးဆောင်သည့်စစ်ကြောင်းကြီး(၅)ကြောင်းနှင့်လိုက်ပါ၍ (၂၂.၉.၂၀၂၂) ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ဒေါဖျာကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးရာတွင် ကုသခံရန်လိုအပ်သော ကျား(လူကြီး-၃)ဦး၊ မ(လူကြီး-၃၈)ဦး၊ က(ကလေး-၂)ဦး၊ စုစုပေါင်း (၄၃)ဦးတိုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။