၂၃-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ကချင်ပြည်နယ် ၁၆ခုတင်ဆံ့ မိုးကောင်းတိုင်းရင်းဆေးရုံနှင့်မိုးကောင်းမြို့နယ် တိုင်ရင်းဆေးကုဌာနမှ ဆရာ/ဆရာမများအဖွဲ့သည် (၁၈.၉.၂၀၂၂) ရက်နေ့တွင် သီလရှင်စာသင်တိုက်၌ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးရာတွင် ကုသခံရန်လိုအပ်သော လူနာစုစုပေါင်း (၆၆)ဦးတိုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။