the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်

၂၂-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းကောင်စီ နာယက ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဉီးမြင့်ဉီးနှင့် အလုပ်အမှုဆောင်များ၊  တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဗဟို အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး(ဂရိတ်ဝေါ)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ သင်တန်းသား/သင်တန်းသူ တိုင်းရင်းဆေးဆရာ/ဆရာမများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့မှုများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။

ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ပထမဆုံးအကြိမ်သင်တန်းဖြစ်ပြီး တတိယအကြိမ် အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းတွင် ဆီးချို၊ သွေးတိုး၊ အဆစ်ရောင် ဘာသာရပ်များကို တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဦးဝင်းစိုး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း နေပြည်တော်အသင်းခွဲမှ ဆရာဦးနေအောင်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအဖွဲ့ဝင် ဆရာဦးဝေဝင်း၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခဌေးလွင်၊ ဒုတိယပါမောက္ခ ဒေါ်သန္တာခိုင်တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းကို စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ တိုင်းရင်းဆေးဆရာ ဆရာ/ဆရာမတို့ တက်ရောက်ကြကြောင်း သတင်း ရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ