the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၁)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲ” ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

၂၁-၉-၂၀၂၂ နေပြည်တော်

ကျန်းမာဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကကြီးမှူး၍ “(၂၁)ကြိမ်မြောက်မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ” အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ(၂၁)ရက် နေ့လယ်(၁း၀၀)နာရီက တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် ဖွံ့ဖြိုးရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက ဆောင်ရွက်ပါသည်။

အစည်းအဝေးသို့  တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့မှ တာဝန်ရှိသူများ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက  အဖွင့်အမှာစကားပြောကြားပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး အစည်းအဝေးကို နေ့လယ် (၃း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ