၁၉-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ဆေးခန်းမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဒေါ်အေးသူသူဝင်းတို့ပါဝင်သော အဖွဲ့သည် (၁၉.၉.၂၀၂၂) ရက်နေ့တွင် ဘိုးဘွား ရိပ်သာ၌ ကျား(၄)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၁၆)ဦးတို၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။