၁၉-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများပါဝင်သော အဖွဲ့သည် (၁၈.၉.၂၀၂၂)ရက်နေ့တွင် မဲဇလီ လင်းဆွဲ အ.ထ.က(ခွဲ) စာသင်ကျောင်း၌ ကျောင်းသား (၂၉)ဦး၊ ကျောင်းသူ (၃၆)ဦး လူနာစုစုပေါင်း(၆၅)ဦး၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသ ပေးခဲ့ပါကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ရာတွင် တက်ရောက်သူ စုစုပေါင်း (၉၀)ဦး ရှိပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။