the republic of the union of myanmar

ministry of health

Department of Traditional Medicine

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မော်လမြိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်း ဆေးကုသခြင်း

၁၉-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မော်လမြိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်မိဝင်းဝင်းချိုနှင့် အဖွဲ့သည် (၁၅.၉.၂၀၂၂ )ရက်နေ့ ကြာသ‌ပတေးနေ့ နေ့လယ် ၂း၀၀နာရီမှ ၄း၀၀နာရီအထိ မော်လမြိုင်မြို့ တောင်ဝိုင်း ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသားလူနာ(၅)ဦး အမျိုးသမီးလူနာ(၁၅)ဦး စုစုပေါင်း(၂၀)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ