၁၇-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှူဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်သောအဖွဲ့သည် ၁၇.၉.၂၀၂၂ ရက်နေ့ စနေနေ့ နံနက်၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ ကျောက်ပန်းတောင်း မြို့ရှိ သုံးဆူတန်းမဟာစည်ကျောင်းတွင် သံဃာတော်များ၊ သီလရှင်ဆရာကြီများနှင့် ယောဂီ အမျိုးသမီးတို့အား ရောဂါကြီး ၆ မျိုးအကြောင်း တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါနေရာ၌ ဆေးကုသခံ လူနာ ကျား(၁၅)ဦး၊ မ(၃၀) စုစုပေါင်း (၄၅)တို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။