၁၇-၉-၂၀၂၂၊ နေပြည်တော်
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို မကွေးတိုင်းဒေသကြီး ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကို ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးက ဆောင်ရွက်ပါသည်။ (၂၅)ခုတင်ဆံ့ ပခုက္ကူတိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်မိုးကြည်က ရေဖျဉ်းရောဂါအကြောင်း စာတမ်းကိုဖတ်ကြားတင်ပြခဲ့ပါသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို တက်ရောက်လာကြ သူများက တင်ပြသည့် စာတမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး စာတမ်းဖတ်ပွဲသို တက်ရောက်သူ စုစုပေါင်း(၃၂)ဦး ရှိပါကြောင်း သိရှိရပါသည်။