the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၇-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်သည့် ဆရာ/ဆရာမများ (၁၀)ဦး ပါဝင်သောအဖွဲ့သည်  ၁၇-၉-၂၀၂၂ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဥ်းမနားခရိုင်၊ ပျဥ်းမနားမြိုနယ်၊သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၌ "သမရက္ခိတပရဟိတ" ကျန်းမာရေး စောက်ရှောက်မှုအကျိုးဆောင်အဖွဲ့၏ပူးပေါင်းကူညီမှုနှင့် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ရာ ဆေးကုသခံလူနာစုစုပေါင်း (၁၄၈)ဦးအား  တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့​ခြင်း၊ Mask များပေးဝေခြင်းနှင့် အဆိုပါနေရာ၌  တိုင်းရင်းဆေးပညာဖြင့် တကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်