the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်တွင် မျောက်ကျောက် (Monkeypox) ရောဂါ အကြောင်းဆွေးနွေးခြင်း

၁၇-၉-၂၀၂၂ နေပြည်တော်

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ် အခန်းအမှတ် ၂၀၂ ၌ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနမှူး ဆရာ/ဆရာမများ၊ professor emeritus များ၊ တိုင်းရင်းဆေးတက္ကသိုလ် မဟာတန်းသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများ၊ ပေါင်းကူး သင်တန်းသား/သင်တန်းသူများ စုပေါင်း၍ ယနေ့ကမ္ဘာပေါ်တွင် လက်ရှိကူးစက်ပြန့်ပွါးလျက်ရှိသည့် မျောက်ကျောက် (Monkeypox) ရောဂါအကြောင်းကို တိုင်းရင်းဆေးတက္ကသိုလ် တိုင်းရင်းဆေးမဟာသင်တန်း တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက သိပ္ပံအမြင်၊ အနောက်တိုင်းဆေးအမြင်၊ တိုင်းရင်းဆေးအမြင်များ၊ ကုထုံးများ၊ ရှောင်ရန် ဆောင်ရန်အချက်များကို ဆွေးနွေးပြီး တက်ရောက်လာသော ဆရာ/ဆရာမများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး အဆိုပါ မျောက်ကျောက်ရောဂါ(Monkeypox) ကို တိုင်းရင်းဆေးပညာဖြင့် စနစ်တကျ ကုသပေးနိုင်ရေး တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ဆက်လက် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ