၁၇-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ ဦးဆောင်သော ဆရာ/ဆရာမများသည် ၁၅-၉-၂၀၂၂ ရက်နေ့တွင် ပြည်မြို့နယ် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ရာ ကုသခံလူနာ ကျား(၈၆)ဦး၊ မ(၁၄)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြော ခဲ့ပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။