၁၇-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အမာကြည်နှင့် လ/ထတိုင်းရင်းဆေးမှူးတို့သည် ပဲခူးတိုင်း ဒေသကြီး ပဲနွယ်ကုန်းမြို့ ပြည်တော်သာရပ်ကွက်မူလွန်ကျောင်း၌ ၁၂-၉-၂၀၂၂ ရက်နေ့တွင် ကျောင်းသား/ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်း ပညာပေးဟောပြောရာတွင် တက်ရောက်သူ ကျောင်းသားစုစုပေါင်း (၉၆)ဦးရှိပြီး ဆေးကုသခံယူရန်လိုအပ်သူ ကျား(၁၀)ဦး၊ မ(၂၅)ဦး တို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။