the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့မှ တိုင်းရင်းဆေးပညာဖြင့်ပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း

၁၇-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၁၀-၉-၂၀၂၂ ရက်နေ့တွင် အုတ်ကျင်းကျေးရွာ စန်းမြိုင်ဘုန်းတော်ကြီး ကျောင်း၌ ကျား(၈)ဦး မ(၂၂)ဦး စုစုပေါင်း (၃၀)ဦးတို့၏ ကျန်းမာရေးအခြေအနေများကို ကွင်းဆင်းဆေးကုသခဲ့ပြီး အဆိုပါနေရာ၌ သွေးတိုးရောဂါအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်များကို တိုင်းရင်းဆေးပညာဖြင့် ဟောပြော ဆွေးနွေးရာ တက်ရောက်သူစုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ဇင်မင်းထွန်းတို့ဦးဆောင်သော ပါဝင်သောအဖွဲ့သည် ၁၃-၉-၂၀၂၂ ရက်နေ့တွင် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း