the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် စစ်ကြောင်း (၅)ကြောင်းနှင့် သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၆-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် စစ်ကြောင်း (၅)ကြောင်းနှင့် သနပ်ပင်မြို့နယ် တိုင်းရင်း​​ဆေးကုဌာနမှ​ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်  ဦးဆောင်သော ဆရာ/ဆရာမများပါဝင်သောအဖွဲ့သည် ၁၄-၉-၂၀၂၂ ရက်နေ့တွင် သနပ်ပင်မြို့နယ် ထိပ်ခနိမ်ကျေးရွာ၌ ဆေးကုသခံယူသူ ကျား(၁၀)ဦး၊ မ(၁၄)ဦး စုစုပေါင်း (၂၄)ဦး တို့၏ ကျန်းမာရေးအခြေအနေများကို ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့်  တိုင်းရင်းဆေး ပညာအကြောင်းသိကောင်းစရာများကို ပညာပေးဟောပြောရာတွင် တက်ရောက်သူ စုစုပေါင်း (၂၀၀)ဦး ရှိပါကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်