the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ မြိတ်ခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးတရာအသင်းတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

၁၆-၉-၂၀၂၂၊ နေပြည်တော်

 ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ မြိတ်ခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မြိတ်ခရိုင် တိုင်းရင်းဆေး ဆရာအသင်းတို့ ပူးပေါင်း၍ (၅၅)ကြိမ်မြောက် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ရေဖျဉ်းရောဂါ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဆရာဦးတင်ဝင်းက ဆောင်ရွက်ပါသည်။ မြိတ်ခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါက ရေဖျဉ်းရောဂါအကြောင်း စာတမ်းကိုဖတ်ကြားတင်ပြ ခဲ့ပါသည်။

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားသို့ တက်ရောက်လာကြ သူများက တင်ပြသည့် စာတမ်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ စာတမ်းတင်ပြသူနှင့် သဘာပတိမှ ပြန်လည်ဆွေးနွေး ဖြေကြားခြင်းနှင့် အတွေ့အကြုံများ မျှဝေဆွေးနွေးကြပြီး စာတမ်းဖတ်ပွဲသို တက်ရောက်သူ စုစုပေါင်း(၂၀)ဦး ရှိပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ