the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်း

၁၆-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ခရိုင်တိုင်းရင်းဆေးပညာဦးစီးမှူးဦးဆောင်ပြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ ဆရာမများပါဝင်သောအဖွဲ့သည် ၁၃-၉-၂၀၂၂ ရက်နေ့တွင် မြိတ်မြို့ ဘိုးဘွားရိပ်သာ၌ ဆေးကုသခံလူနာ စုစုပေါင်း (၁၆)ဦး အား ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း