၁၆-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများ ပါဝင်သောအဖွဲ့သည် ၁၃-၉-၂၀၂၂ ရက်နေ့တွင် ကော့သောင်းမြို့ အထကခွဲ၌ ကျောင်းသူ/ကျောင်းသားများအား တိုင်းရင်းဆေးပညာ ရပ်ပိုင်းဆိုင်ရာများကို ဟောပြောပို့ချရာတွင် တက်ရောက်သူ စုစုပေါင်း (၁၅၇)ဦးရှိပါကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။