၁၃-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်နှင့် အကြီးတန်း တိုင်းရင်းဆေးမှူးဦးဆောင်၍ ဆရာမ(၅)ဦးပါသောအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ လူမှု ဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ၁၂.၉.၂၀၂၂ ရက်နေ့ (တနင်္လာနေ့)တွင် တိုင်းရင်းဆေးဖြင့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှု့ပေးရာတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူသော သက်ကြီးအဘိုး/အဘွား စုစုပေါင်း(၅၇)ဦးတို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူတတ်စေရန်အတွက် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ ရောဂါဖြစ်ပွားလာပါက ထိရောက်သောကုသမှုခံယူနိုင်သည့် နည်းလမ်းများ လိုက်နာကျင့်သုံးတတ်စေရန်နည်းလမ်းများနှင့် သတိပြုရှောင်ကြဉ်ရန်နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့် အဘိုး/အဘွားများ စုစုပေါင်း (၄၆)ဦးကို တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှု့ဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။