၁၃-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အမာကြည်ဦးဆောင်သော ဆရာမများပါဝင်သောအဖွဲ့သည် ပဲနွယ်ကုန်းမြို့ ပြည်တော်သာ ရပ်ကွက်မူလွန်ကျောင်း၌ ၁၂-၉-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအကြောင်းပညာပေးဟောပြောရာတွင် တက်ရောက်သူ ကျောင်းသားစုစုပေါင်း (၉၆)ဦး ရှိပြီး ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျား(၁၀)ဦး၊ မ(၂၅)ဦး စုစုပေါင်း လူနာ (၃၅)ဦးတို၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



