the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဟောပြောခြင်း

၁၃-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့်  ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ ဆရာမများပါဝင်သောအဖွဲ့သည် ဒေးဒရဲမြို့နယ် သံဒင်းကျေးရွာ၌ ၁၂-၉-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် ကျား(၆)ဦး၊ မ(၂၁)ဦး ကျား(ကလေး-၃)ဦး၊ စုစုပေါင်း လူနာ(၃၀)ဦးတို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌ပင် မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ဟောပြောပို့ချရာတွင် တက်ရောက်သူ စုစုပေါင်း(၂၀)ဦး ရှိပါကြောင်းသတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ