the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာနနှင့်(၁၆)ခုတင်ဆံ့ ထားဝယ် တိုင်းရင်းဆေးရုံတို့ပူးပေါင်းပြီး တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

၁၂-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတို့ဖြင့်  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် (၁၆)ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံတို့ပူးပေါင်းပြီး ဆရာ/ဆရာမများပါဝင်သောအဖွဲ့သည် ထားဝယ်မြို့ မြို့မယဥ်ငေးသာသနာ့ရိပ်သာ၌ ၁၁-၉-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် စုစုပေါင်းလူနာ(၁၅)ဦးတို့၏ ကျန်းမာရေး အခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း