the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံးဖွင့်လှစ်ခြင်းအခမ်းအနားသို့ တိုင်းရင်းဆေးပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်

၁၁-၉-၂၀၂၂ နေပြည်တော်

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက် နံနက် ၉:၀၀ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ အဆိုပါ ရုံးအဆောက်အအုံ၌ ကျင်းပခဲ့ပါသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းကောင်စီ နာယက ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဉီးမြင့်ဉီးနှင့် ကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသန်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သြဝါဒ စကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာ ညွှန်ကြားရေးမှူးချုပ်မှ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံးသည် ဒက္ခိဏသီရိမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကံ့ကော်ပန်းအဝိုင်းအနီး၊ နေပြည်တော် (Royal Lotus Hotel မျက်နှာချင်းဆိုင်လမ်း၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၏ ညာဘက်လမ်းချိုးအတိုင်းဝင်၍ လူမှုဖူလုံရေးရုံးအနီး) တွင် တည်ရှိပါသည်။ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီရုံး၏ ဖုန်းနံပါတ် ၀၉-၈၈၃၉၀၀၀၀၁၊ ၀၉-၉၄၆၉၀၀၀၀၁ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ