၁၁-၉-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည် တိုင်ရင်းဆေးရုံ မှ ဒုတိယတိုင်းရင်းဆေးမှူး သိန်းသိန်းဆွေ ဦးဆောင်သောအဖွဲ့သည် ၁၀-၉-၂၀၂၂ ရက်နေ့တွင် ရေတာရှည်မြို့ ဘိုးဘွား ရိပ်သာ၌ အဘိုး၊ အဘွားများနှင့် ဝန်ထမ်းများအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် လူနာ ကျား(၁၃)ဦး မ(၁၇)ဦး စုစုပေါင်း (၃၀)ဦးတို၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။