the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်း တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဟောပြောခြင်း

၈-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တို့ဖြင့် ပဲခူးတိုင်း​ဒေသကြီး ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးမှူး ဦးအောင်ညို ဦးဆောင်သောအဖွဲ့သည် ၅-၉-၂၀၂၂ ရက်နေ့တွင် ဘုရားကြီးကျောင်းတိုက်၌ ယောဂီများအား

တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် လူနာ ကျား(၅)ဦး မ(၃၆)ဦး စုစုပေါင်း (၄၁)ဦးတို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှုပေးခဲ့ကြောင်းနှင့် ၈-၉-၂၀၂၂ ရက်နေ့တွင်  ကုန်းမြို့အထကကျောင်းကြီး၌ စားသုံးသူရေးရာဦးစီးဌာန/ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်ရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာ “ဆေးလည်းအစာ -အစာလည်းဆေး” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့တွင် တက်ရောက်သူ ကျောင်းသား ကျား(၆၀)ဦး မ(၆၀)ဦး စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း