the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

၇-၉-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဆရာမဒေါ်ဌေးဌေးနွယ်သည် ၂-၉-၂၀၂၂ ရက်နေ့တွင် ဘားအံ့မြို့နယ် မဲဘောင်အလကခွဲကျောင်း ၌ တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ရာတွင် လူကြီး မ (၅)ဦး၊ ကျား ကလေး (၁၀၂)ဦး၊ မ ကလေး(၁၁၅)ဦး စုစုပေါင်း (၂၂၂)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး အဆိုပါနေရာ၌ မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်