the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

၃၁-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ရှမ်းပြည်​တောင်ပိုင်း၊ ရပ်​စောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆရာမများသည်  ၂၆-၈-၂၀၂၂ ရက်နေ့တွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ စီစဥ်​ပေးမှူဖြင့် ပါပန်း​ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးဆေးကုသမှုဆောင်ရွက်ရာတွင် လူနာ (ကျား) (၇)ဦး (မ) (၆၃)ဦး စုစု​ပေါင်း ၇၀ ဦးတို့၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်