၂၉-၈-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခုတင် (၅၀)ဆံ့ မြစ်ကြီးနားတိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများ ပါဝင်သည့်အဖွဲ့သည် ၁၄-၈-၂၀၂၂ ရက်နေ့တွင် သမိန်ဓေါသီလရှင်စာသင်တိုက်၌ တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေးဆေးကုသမှုဆောင်ရွက်ရာတွင် လူနာ (မ) (၂၆)ဦး၏ ကျန်းမာရေးအခြေအနေများကို တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။