၂၇-၈-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှုတိုဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်မှ ဆရာ/ဆရာမများပါဝင်သည့် အဖွဲ့သည် ၁၁-၈-၂၀၂၂ ရက်နေ့တွင် ရေကြည်မြို့နယ် ကြာကန်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ဆေးကုသခံ လူနာ ကျား (၁၅)ဦး မ(၂၇)ဦး စုစုပေါင်း (၄၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကျန်းမာရေး စောင့်ရှောက် ဆေးကုသမှုပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌ မိုးရာသီနှင့်ရာသီတုပ်ကွေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ဟောပြောခဲ့ပြီး တက်ရောက်သူ ဦးရေ(၄၂)ဦး ရှိကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။