the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

၂၄-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှ တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၀-၈-၂၀၂၂ ရက်နေ့တွင် ​ အောင်ဓမ္မာရုံဘိုးဘွားရိပ်သာ၊ အမှတ်(၃)ရပ်ကွက်၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ဆေးကုသခံ လူနာ ကျား (၁၂)ဦး မ(၂၄)ဦး စုစုပေါင်း (၃၆)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှုပေးခဲ့ကြောင်း နှင့် အဆိုပါ နေရာ၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ဂရုပြုလိုက်နာသင့်သည်များအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့