the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် ခရိုင်ဦးစီးဌာနမှူးရုံးမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းနှင့်ပညာပေးဟောပြောခြင်း

၂၂-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် ခရိုင်ဦးစီးဌာနမှူးရုံးမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်သော ဆရာ/ဆရာမများအဖွဲ့သည်  ၂၀-၈-၂၀၂၂ ရက်နေ့တွင်  ကျောက်ပန်းတောင်း မြို့ရှိ စိတ္တပါလဂူကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် သီလရှင်ဆရာကြီးများနှင့် ယောဂီအမျိုးသမီး လူနာ စုစုပေါင်း (၁၇)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းနှင့်  အဆိုပါ နေရာ၌ မိုးရွာသီတွင်ဖြစ်တတ်သောရောဂါများ  ရောဂါကြီး ၆ မျိုးအကြောင်းတို့အား  တိုင်းရင်းဆေးပညာဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်