the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

၂၂-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည်  ၂၀-၈-၂၀၂၂ ရက်နေ့တွင် အ.ထ.က(ကျောင်ထောင့်)စာသင်ကျောင်း၌

တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာ ဆေးကုသခံလူနာ ကျား(၁၅)ဦး၊ မ(၃၇)ဦး စုစုပေါင်း (၅၂)ဦးတို့အား  တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌  သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း