the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင် (၁၀၀)ဆံ့ နေပြည်တော်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းနှင့် ပညာပေးဟောပြောခြင်း

၂၂-၈-၂၀၂၂ နေပြည်တော်

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် ခုတင် (၁၀၀)ဆံ့ နေပြည်တော်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်သော ဆရာ/ဆရာမများသည်  ၂၀-၈-၂၀၂၂ ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ၊ကျည်တောင်အုပ်စု၊ ကျည်တောင်ကျေးရွာ၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာ ဆေးကုသခံလူနာစုစုပေါင်း (၁၂၄)ဦးအား  တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်းနှင့် အဆိုပါနေရာ၌  တိုင်းရင်းဆေးပညာအရ ကျန်းမာစေကြောင်းနည်းလမ်းကောင်းခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်