၂၂-၈-၂၀၂၂ နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဉ်ပေးမှု တိုဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၅၀ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ ဆရာမများသည် ၁၉-၈-၂၀၂၂ ရက်နေ့တွင် မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာ ဆေးကုသခံသံဃာယောဂီ စုစုပေါင်း(၃၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။